ကရင်နီပြည်နယ်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ မတရားအာဏာသိမ်းယူခဲ့သောစစ်ကောင်စီအား ကြံ့ကြံ့ခံတွန်းလှန်နေသော ဒေသဖြစ်ပါသည်။ ဒေသခံ တိုင်းရင်းသားအဖွဲ့မျာ: ဦးဆောင်သော ဒေသတွင်း အကြမ်းဖတ်စစ်တပ် အမြစ်ဖြတ်ရေး တော်လှန်တိုက်ပွဲများ နေ့စဥ်နှင့် အမျှဖြစ်ပွားလျက်ရှိပြီး ဆက်လက်အားကောင်းနေဆဲ ဖြစ်သော ဒေသလည်းဖြစ်ပါသည်။ ဤကဲ့သို့ ဒေသတွင်း အရှိန်အဟုန်အားကောင်းသည့် တော်လှန်ရေးကြီး ဆင်နွှဲလျက်ရှိသော အချိန်ကာလကြားမှ ယခုကဲ့သို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရာစီရင်ရေးကဏ္ဍများကို အပြန်အလှန် ထိန်းညှိပေးနိုင်ရန် နှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြကာ ကရင်နီပြည် ကြားကာလ ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ (IEC) အား ‌ဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် NEW MYANMAR FOUNDATION အနေဖြင့် များစွာ ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။ ဤကဲ့သို့ ဖွဲ့စည်းနိုင်ခဲ့သဖြင့် ကရင်နီဒေသအတွင်း/အပြင် တော်လှန်ရေးအင်အားစုများ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့သွားပြီး ပိုမိုထိရောက်သော ရလာဒ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဟုလည်း အထူး ယုံကြည်မိပါသည်။ ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးစွာဖွဲ့စည်းနိုင်ခဲ့သော ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်း ဖြစ်လာခြင်း သည်လည်း မြန်မာပြည်သူ/သားများ၏ ပန်းတိုင်ဖြစ်သော အနာဂတ်ဖက်ဒရယ်မြန်မာနိုင်ငံတော် ကြီး တည်ဆောက်ရာတွင် ကြီးစွာသောအကျိုးသက်ရောက်မှု ဖြစ်ပါသောကြောင့် အလွန်နှစ်ထောင်းအားရဂုဏ်ယူစွာဖြင့် ဤ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာအား ပေးပို့လိုက်ရပါသည်။

New Myanmar Foundation

Share This