New Myanmar Foundation သည် ၂၀၂၂ မေလ (၁) ရက်နေ့စတင်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်စည်းပေးရန် အတွက် Spring Bridge School (SBS) Online Program—————- သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့ကစတင်ကာ Grade 1 မှ Grade 11 ထိ ကျောင်းသူ ကျောင်းသား ၁၂၀၀ ကျောင်ကို သင်ကြားခဲ့ပြီး December 2022 တွင်အတန်းတင်စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ 2023 January 31 တွင် အတန်းအားလုံး၏ အောင်မြင်သော ကျောင်းသား ကျောင်းသူများကို completion certificate အောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။ Spring Bridge School ၏ 2023 စာသင်နှစ်ကို ပြန်လည်စတင်ရန် February နှင့် March လ နှစ်လအတွင်း ဆရာ၊ဆရာများနှင့် ကျောင်းသား၊ကျောင်းသူ အသစ်များကိုဖိတ်ခေါ်လက်ခံခဲ့ပါသည်။ ဒုတိယစာသင်နှစ်ကို 2023 March 6 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ Grade 1 မှ Grade 12 ထိ ကျောင်းသား ကျောင်းသူ ပေါင်း (၁၀၀၀) ကျော်အား ဆရာ ဆရာမစုစုပေါင်း (၇၀) ကျော်ဖြင့် အတန်း (၁၈) ခုခွဲကာ သင်ကြားပေးလျှက်ရှိပါသည်။ ဤစာသင်နှစ်သည် ၂၀၂၃ အောက်တိုဘာလကုန်တွင် သင်ကြား ပြီးမြောက်မည်ဖြစ်ပြီး နိုဝင်ဘာလတွင် အတန်းတင်စာမေးပွဲများ ကျင်းပမည်ဖြစ်ပါသည်။
NLD အရပ်သား အစိုးရလက်ထက်က အသစ်ပြုပြင်ရေးဆွဲခဲ့သော အမျိုးသားပညာရေး မူဝါဒများအတိုင်း (KG+12) စနစ်သစ် သင်ရိုးများဖြင့် ပြဌာန်းချက်ဘာသာရပ်အားလုံးကို မချွန်းမချန်သင်ကြားလေ့ကျင့်ပေးလျှက်ရှိပြီး ခေတ်မီသင်ကြားနည်း စနစ်များဖြင့် ထိရောက်အောင်စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထပ်ဆောင်းသင်ရိုးညွှန်းတမ်း များကိုလည်း လိုအပ်သလို ဖြည့်စွတ်သင်ကြားလျှက်ရှိပါသည်။ ထိရောက်သော သင်ကြားရေးကိုရရှိစေရန် ကျောင်းချိန်မှာ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိဖြစ်ပြီး၊ မူလတန်း အလယ်တန်းများ တပါတ်လျှင် (၅) ရက် ၊ အထက်တန်းများ တပါတ်လျှင် (၆) ရက်တက်ရောက်ရပါသည်။
Admin Team
Spring Bridge Online Education Program
Phone: +66 (0) 618 704 910
Email: education@newmyanmarfoundation.info