- New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ( ၂၀၂၂ ) ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာနှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ဖေဖော်ဝါရီလတွင် (၆၁၈) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀) ဖြင့် မျှဝေပေးခဲ့ပြီးဖြစ်ပါသည်။
- New Myanmar Foundation တွင် ဖေဖော်ဝါရီ (၁၇ ) မှ (၂၆) ရက်အတွင်း ရိက္ခာအတွက် လျှောက်လွှာတင်ထားသူများအား သတ်မှတ်စံနှုန်းများနှင့် စိစစ် ရွေးချယ်၍ အလှူရှင်ထံ စာရင်း တင်ပြထားပြီးဖြစ်ပါသည်။
- ယခုမေလတွင် မျှဝေမည့် အစီအစဉ်အား ပြုလုပ်သွားမည်ဖြစ်ပြီး စိစစ် ရွေးချယ်ခံရသူများထံ တစ်ဦးချင်းအကြောင်းကြား ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ အလှူရှင်များ၏ အခက်အခဲ များကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့် အပေါ် များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။
- New Myanmar Foundation ၏ ရိက္ခာလျှောက်ထားနိုင်မည့် Google Form နှင့် ပတ်သက်၍ ပြန်လည် လျှောက်ထားနိုင်မည့်(ဖောင်ပြန်ဖွင့်မည့်) အချိန် NMF Page တွင် အချိန်နှင့် တပြေး ညီ ပြန်လည် ကြေညာပေးသွားမည် ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173
foodprogram.nmf@gmail.com