New Myanmar Foundation မှ ဦးဆောင်၍ လူ့အခွင့်အရေး အခြေခံ အမြင်ဖွင့်သင်တန်းများကို ကျင်းပပြုလုပ်လျက်ရှိရာ သင်တန်းအပတ်စဉ် (၅) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၀)ရက် မှ (၂၄)ရက် အထိ (၅) ရက်ကြာ – — – ——-ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တစ်ရက်လျှင် ပို့ချဆွေးနွေးချိန် (၅) နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၉) နာရီမှ (၁၂) နာရီထိ သင်တန်းပထမပိုင်း၊ နေ့လယ် (၁) နာရီမှ (၃) နာရီအထိ သင်တန်းဒုတိယပိုင်းကို ကျင်းပသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းတွင်

● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား

● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း

● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ

● အစိုးရ၏တာဝန်ဝတ္တရားများ၊လူ့အခွင့်အရေးလုပ်ငန်းစဉ်များ

● Digital Security & Privacy

စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

သင်တန်းအချက်အလက်များ

သင်တန်းကာလ- (၅) ရက်

သင်တန်းကျင်းပမည့်ရက် – ဧပြီလ (၂၀) ရက်မှ (၂၄) ရက်ထိ

သင်တန်းအချိန်- မနက် (၉) နာရီမှ ညနေ (၃) နာရီထိ

သင်တန်းအမျိုးအစား- Online Class (Zoom)

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

● Online သင်တန်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် Mobile Phone/ Computer နှင့် အင်တာနက်ကို ကောင်းစွာအသုံးပြုနိုင်သူ၊

● Zoom Account နှင့် Signal/Telegram Account များရှိပြီး အသုံးပြုနိုင်သူ၊

● လူ့အခွင့်အရေးနှင့်ပတ်သက်သည်များကို သိလိုစိတ်ပြင်းပြသူ(လေ့လာလိုသူ)၊

● အခြေခံပညာအလယ်တန်းအဆင့်ထိသင်ယူခဲ့ဖူးသူ၊

● အသက်(၁၈)နှစ်ပြည့်ပြီးသူ၊

● သင်တန်းအတွင်းတက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊

● သင်တန်းကာလ(၅)ရက်ကို ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ၊

● လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ကိုင်လိုသူ၊

● လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ။

**အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံးပါ၀င်တက်ရောက်ရန်လည်း အထူး ဖိတ်ခေါ်အပ်ပါသည်။

သင်တန်းလျှောက်ထားရန် Google Form Link

https://docs.google.com/…/1FAIpQLSfibmMrh2Z…/viewform…

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို Email မှတဆင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email ကို စစ်ဆေးရန် လိုအပ်ပါသည်။

သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားသော်လည်း လူ့အခွင့်အရေးအခြေခံ အမြင်ဖွင့်သင်တန်းများကို လစဉ်ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ယခင်ဖွင့်လှစ်ခဲ့သည့် သင်တန်းများသို့လျှောက်ထားခဲ့ပြီး တက်ရောက်ခွင့်မရရှိခဲ့သူများလည်း ပြန်လည်လျှောက်ထား နိုင်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Phone: +66 811 813 722

Email: humanrightsone.nmf@gmail.com, nmf.itofficer@gmail.com

Share This