ထိုင်း – မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ရွှေကုက္ကို နယ်မြေတွင် စစ်ပွဲများပြင်းထန်သဖြင့် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ပြည်သူများမှာ ဧပြီ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။ တိမ်းရှောင်လာသော လူဦးရေပေါင်း (၁၀,၀၀၀) ကျော်ခန့်မှာ ဆိတ်ခြံ ၊ နွားခြံ၊ ရော်ဘာခြံ၊ ပြောင်းဂိုထောင်၊ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းဝင်း များအတွင်း နေရာချထားပေးခံရပီး အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့်အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိပါသည်။ တိုက်ပွဲများစတင်ဖြစ်ပွားပြီးချိန်မှစ၍ ထိုင်းနိုင်ငံ နယ်စပ် သို့ ထွက်ပြေး တိမ်းရှောင်လာသော ပြည်သူများအား ထိုင်းနိုင်ငံအတွင်းရှိ NGOအဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၊ ပုဂ္ဂိလကအလှူရှင်များနှင့် ထိုင်းဒေသခံများမှ စားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား လာရောက်လှူဒါန်းပေးလျက်ရှိပါသည်။ New Myanmar Foundation အနေဖြင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စစ်ဘေးရှောင် ပြည်သူများအတွက် ဆေးဝါးများလှူဒါန်း ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ဧပြီ(၈) ရက်နေ့မှစ၍ ကျန်းမာရေးတာဝန်ခံ Dr.Moon မှ လုပ်ဆောင်လျှက်ရှိပါသည်။ ဧပြီ (၈)ရက်နေ့နှင့် (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ အမှတ်(၂)ဂိတ်အနီး ဘုရားတောင် စခန်းအတွင်းရှိ ဆိတ်ခြံတွင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၂၀၀၀)နီးပါခန့်ရှိပီး ထိုထဲမှ ကျန်းမာရေး မကောင်းသော အရေးကြီးလူနာ (၆၀) ကျော်အား ဆေးဝါးလှူဒါန်းပြီး ကုသမှုပြုလုပ် ပေးခဲ့ ပါသည်။ ဧပြီ (၁၀)ရက်နေ့တွင်လည်း ဘုရားတောင် ဘုရားဝင်းအတွင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၁၅၀)ခန့်ရှိနေပြီး အလှူရှင်များထံမှ လှူဒါန်းမှုများမရရှိသေးကြောင်းနှင့် ကျန်းမာရေးမကောင်းသူ များရှိနေသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့သွားကာ ကျန်းမာရေးမကောင်းသော လူနာ (၃၅) ဦးကျော်အား ဆေးဝါးများ လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု များအားပြုလုပ်ပေးခဲ့သည်။

New Myanmar Foundation

Share This