NEW MYANMAR FOUNDATION နှင့် လက်တွဲလုပ်ကိုင်ရန်အတွက် Treasurer ရာထူးအတွက်လျှောက်လွှာများခေါ်ယူနေပါသည်။အသေးစိတ်အချက်အလက်များကို ဖတ်ရှုနိုင်ပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ           : ၃.၃.၂၀၂၃ မှ ၉.၃.၂၀၂၃ အထိ

နေရာ                                              : မဲဆောက်

အစမ်းခန့်ကာလ                               : ၃ လ

လစာ                                              : ဘတ် ၅၀၀၀ နှင့် အထက်

အစီရင်ခံရမည့်သူ                             : Executive Director, Finance Officer

လုပ်ဆောင်ရမည့်တာ၀န်များ 

  • နေ့စဉ် ငွေအ၀င်အထွက်များကို Policy အတိုင်း စနစ်တကျဆောင်ရွက်ပေးရမည်။
  • နေ့စဉ် Finance Officer  နှင့် ငွေစာရင်း ကိုက်ညီမှု စစ်ဆေးရမည်။
  • Cash and Cash Equivalent (Bank accounts) များကို အချိန်နှင့်တပြေးညီ စာရင်းပြုစုထားရမည်။
  • လတိုင်း cash count and bank reconcile များကို လကုန်ရက်တွင် အပြီး ဆောင်ရွက်ရမည်။
  • လက်၀ယ်ထားရှိသော ငွေသားများ၏ လုံခြုံမှုကို အပြည့်အ၀တာ၀န်ယူရမည်။
  • ဘဏ်စာရင်းများနှင့် ပတ်သက်သော Statement များကို လည်း တာ၀န်ယူထုတ်ပြန်ပေးနိုင်ရမည်။
  • လစဉ် ဘဏ်ဖြင့် ပေးဆောင်ရသော လစဉ်ကြေးများကို အချိန်မှီ ပေးဆောင်ရမည်။
  • ATM များသို့ သွားရောက် ငွေထုတ်ခြင်းများ၊ ငွေလဲလှယ်နှုန်းများကို ချိန်၍ ငွေလဲပေးခြင်းများကိုလည်း လုပ်ဆောင်ပေးရမည်။
  • Mobile banking သုံး၍လည်း ငွေထုတ်ငွေသွင်း ဆောင်ရွက်ရမည်။
  • Management မှ လိုအပ်သော Balance Report များကို အရေးပေါ် ရေးဆွဲတင်ပြနိုင်ရမည်။
  • ဌာန၏ Yearly plan အတိုင်း လုပ်ဆောင်စရာရှိသည်များကို အချိန်မီ လုပ်ဆောင်ပေးရမည်။

အတွေ့အကြုံလိုအပ်ချက်

  • Treasurer ရာထူးတွင် (၅) နှစ်အထက် အတွေ့အကြုံရှိရမည်။
  • Banking ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
  • Cash and Bank Books များရေးဆွဲနိုင်ရမည်။
  • အကျင့်စာရိတ္တ ကောင်းမွန်၍ စိတ်ချရသူဖြစ်ရမည်။

ပညာအရည်အချင်း

  • ဘွဲ့ရ။ (စာရင်းပိုင်း သို့ ဘဏ်ပိုင်း)
  • Excel ကျွမ်းကျင်သူဖြစ်ရမည်။
  • MS Office ရသူဖြစ်ရမည်။
  • Communication Skill ကျွမ်းကျင်သူဖြစ်ရမည်။

လျှောက်လွှာတင်ရန် : afinance.nmf@gmail.com

  • CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
  • Certificate, Degree, Diplomas များအား CV Form  နှင့် ပူးတွဲပေးပို့ပေးပါရန်။
  • CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :  

Khine Wint Yee

Phone Number – +66990104090

Signal Number – +959420006843

Email – afinance.nmf@gmail.com

Finance Department

NEW MYANMAR FOUNDATION

Share This