ယခုအခါ မဲဆောက်မြို့တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ များပြားစွာရောက်ရှိနေပြီဖြစ်ပါသည်။ မဲဆောက်ရောက် မြန်မာပြည်သူများ အနေဖြင့် ကျန်းမာရေးချို့တဲ့မှု၊ အရေးပေါ်အခြေအနေများ ကြုံတွေ့လာသည့် အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု နှင့် သတင်းအချက်အလက်ချို့တဲ့မှု့ အစရှိသည့် အတားအဆီး အခက်အခဲများစွာရှိနေပါသည်။ 

သို့ဖြစ်ပါ၍ ၎င်း အခက်အခဲများကို ကူညီဖြေရင်းပေးနိုင်ရန်အတွက် New Myanmar Foundation မှနေ၍ Tele Health ( တယ်လီဖုန်းဖြင့်  Telegram Application သုံးကာ လူနာအား ကြည့်ရှု့စစ်ဆေးကာ အကြံဉာဏ်ပေးခြင်းနှင့် ဖြစ်နိုင်ပါက အိမ်တိုင်ရာရောက် ကုသမှုပေးခြင်း) အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

၎င်းအစီအစဉ်ကို ကျွမ်းကျင်ဆရာဝန်များမှ လမ်းညွှန်ကုသမှု ပေးမည်ဖြစ်ပါသဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ အခက်အခဲ ကြုံတွေ့နေရပါက မနက် (၆) နာရီ မှ ည (၁၂) နာရီ အထိ ဖုန်းနံပါတ်နှင့် တယ်လီဂရမ် နံပါတ်  (+66) 910 614 070  သို့ ဆက်သွယ် နိုင်ပါသည်။ 

လူနာများအနေဖြင့် အခကြေးငွေ ပေးစရာမလိုပါ။ Telegram account အကောင့်တစ်ခုရှိရန်သာ လိုအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ တာဝန်ခံဆရာမ Dr. Moon ထံသို့ ဆက်သွယ်နိုင်ပါသည်။

Dr. Moon

Program Manager, Tele Health Program

Phone: (+66) 910 614 070

Telegram : (+66) 910 614 070Email : telehealth9922@gmail.com

Share This