New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ လျှပ်စစ်မော်တာစက်ချုပ် သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ် -(၂၇)သင်တန်းဖွင့်ပွဲကို (၁၅-၁-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါ သည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ –

ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ဘဝကိုရပ်တည်နိုင်ဖို့ ပြင်ဆင်ကြတယ် ဆိုတာတွေ့ရလို့ ဝမ်းသာစွာကြိုဆိုပါကြောင်း ၊ New Myanmar Foundation ၏ ဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး စနစ်တကျ စည်းကမ်းတကျ လျှောက်လွှာတင် ရယူနိုင်ကြောင်း ၊ လူ့အခွင့်အရေးမျှဝေတဲ့အခါ ရော စက်ချုပ်ပညာသင်ယူရာမှာရော စိတ်ရောကိုယ်ပါ လေ့လာ သင်ယူကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်း ဖွင့်လှစ် ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၁၀) ဦးကို ကြိုဆို ကြောင်း ၊ ရောက်ရှိလာကြတဲ့ တစ်ဦးချင်းစီသည် ကိုယ့်နိုင်ငံအရေးတွေကို လစ်လျူရှုခဲ့သူတွေ မဟုတ်ဘူး ဆိုတဲ့စိတ်ဓါတ်တွေကြောင့် လေးစားပါကြောင်း ၊ အချင်းချင်းစောင့်ရှောက်ကြပြီး စည်းကမ်းရှိရှိနဲ့ အထည်ချုပ်ပညာကို အလေးအနက်ထား သင်ယူ ကြဖို့ အားပေးကြောင်း ၊ အထည်ချုပ်အသက်မွေးမှုပညာ သည် ဒေသအသီးသီး နိုင်ငံအသီးသီးမှာလည်း အလုပ်အကိုင် အခွင့်အလမ်းရှိတာမို့ စနစ်တကျ အလေးထားသင်ယူသွားကြဘို့ တိုက်တွန်းချင်ပါကြောင်း ပြောခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။

အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာများကို လည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံမော်တာနင်းစက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

Share This